Here is Our Product Categories

Emperor of Asia Co,Ltd. Organic Fertilizers

သိမ်းငှက်​ခေါင်းသဘာဝ​မြေသြဇာကိုသုံးခြင်းသည် ​စိုက်ပျိုး​မြေကိုထာဝရအား​ကောင်း​စေသည် ​တောင်သူဦးများတို့ဒီစိုက်ပျိုး​ရေးလျှို့ဝှက်ချက်များကိုမသိခဲ့ရင် ဘယ်​တော့မှသူ​​​ဠေးမဖြစ်နိုင်ပါ #ဆုံး​အောင်ဖတ်ပါ# စိုက်ပျိုး​ရေးလုပ်ငန်းသည်မသိမဖြစ်အဓိကအ​ရေးကြီးအချက်ကို​ဖော်ပြပါ့မယ် (၁)အချက်စိုက်ပျိုး​မြေဖြစ်ပါတယ် စိုက်ပျိုး​မြေမ​ကောင်းရင်ဘာအပင်ကိုပဲစိုက်စိုက် ဘာ​မြေသြဇာကိုပဲ​ကျွေး​​ကျွေးမတက်နိုင်ပါဘူး စိုက်ပျိုး​မြေဆီကိုပြန်လည်အသက်သွင်း​ပေးမှစိုက်ပျိုးပင်အတွက်စိုက်ဖို့​ကောင်းပါသည်” ထို့​ကြောင့်​မြေကိုပြုပြင်​ဆေးကိုသုံးပါ ​မြေပြင်​ဆေးကိုသုံးခြင်းရဲ့အစွမ်းရလဒ်များ 1.အပင်အာဟာရအတွက် ကယ်လ်စီယမ် နှင့်ဆာလဖာအရင်းအမြစ်ဖြစ်ခြင်း။ 2.အက်စစ်​မြေဆီလွှာကို ပိုမို​ကောင်းမွန်​စေပြီး အလူမီနီယမ် အဆိပ်သင့်မှုကို ကုသ​ပေးပါသည်။ 3.​မြေဆီလွှာတည်​ဆောက်ပုံကို ပိုမို​ကောင်းမွန်​စေသည်။ 4.သီးနှံပင်များအတွက် ​မြေဆီလွှာ​ရေစိမ့်ဝင်မှုကို ပိုမို​ကောင်းမွန်​စေပါသည်။ 5.သီးနှံပင်များအတွက် လိုအပ်​သော အခြား​သော အဟာရဓါတ်စိမ့်ဝင်မှုနှင့် တိုက်စားမှုကို ​လျှော့ချ​ပေးပါသည်။ ​မြေပြုပြင်​ဆေးမှုန့်ရဲ့ပါဝင်နှုန်းများ CaO = 30.00 % Ca/Mg(Co3)= 10.78 % S = 30.00 % SiO2 = 15.63 % ​မြေစီး-​မြေချဥ်-​မြေမာ နှင့်ပျက်စီး​နေတဲ့​မြေများ လယ်ယာခြံ​မြေများ၏ PH ပုံမှန်ဖြစ်​အောင်ပြုပြင်​ပေးပါသည် ​မြေတစ်ဧကလျှင် ကီလိုဂရမ် (၁၀၀-၁၅၀)အထိအသုံးပြုနိုင်ပါသည်” ၅၀ ကီလိုဂရမ်တစ်အိတ် ၂၀၀၀၀ ကျပ် ​စျေး​လျှော့​ရောင်းချ​ပေး​နေပါတယ် (၂)အချက်​မြေသြဇာကိုလိမ်မာစွာသုံးတတ်ဖို့လိုပါတယ် မသုံးတတ်ရင် အလကားစရိတ်​ကုန်တယ် ထိ​ရောက်မှုမရှိသာမက လိုတာထက်ပိုသုံးရင် စိုက်ပျိုး​မြေဆီကိုအစိပ်သင့်သွားလိမ့်မယ် သိမ်းငှက်​ခေါင်းသဘာဝ​မြေသြဇာ《Organic Fertilizers》 သိမ်းငှက်​ခေါင်းသဘာဝ​မြေသြဇာသည် စိုက်ပျိုး​မြေများကိုထာဝရအား​ကောင်း​စေပါသည်။ Organic Fertilizerသည်(all in one) ဖြစ်ပါသည်။သဘာဝဓါတ်​မြောက်များစွာ ပါဝင်​ပေါင်းစပ်ထား​သော ၁၀၀%သဘာဝ​မြေသြဇာဖြစ်ပါသည်။ သဘာဝ​မြေသြဇာကို သုံးစွဲခြင်းအားဖြင့် အပင်များကြီးထွားမှု(အပင်တက်နှုန်း)မြန်ဆန်ပြီး ​မြေဆီလွှာကိုလည်း ထာဝရအား​ကောင်း​စေပါသည်။​ရေရှည်တွင် စိုက်ပျိုး​မြေများကို ပိုမိုအား​ကောင်း​စေပြီး အထွက်နှုန်း​ကောင်း​စေပါသည်။ ဆိုးဝါး​သော ရာသီဥတုဒဏ်ကိုလည်းခံနိုင်​ရေရှိပါသည်။ အ​ရေးကြီးဆုံးဓါတ်ဖြစ်​သော N.P.Kဓါတ်များပါဝင်ပါသည်။ N နိုက်ထရိုဂျင်သည် ​လေထုထဲတွင်၇၈%ရှိပါသည်။ သို့​သော်လည်း တိရစ္ဆာန်များနှင့် အပင်များက တိုက်ရိုက်မစားသုံးနိုင်ပါ။ တိရစ္ဆာန်များက အပင်အရွက်များကို စားသုံးပြီးစွန့်ထုတ်မှုမှ နိုက်ထရိုဂျင်ဓါတ်ကိုရရှိပါသည်။ စိုက်ပျိုးပင်များလည်း ထိုနည်းတူအပင်များ၊အရွက်များ​သေပြီး ​မြေထဲရှိ ဘက်တီးရီးယားများက အပင်အရွက်များကို ​ဆွေး​မြေ့​အောင်လုပ်​ပေးပြီးမှ စိုက်ပျိုးပင်များက နိုက်ထရိုဂျင်ဓါတ်ကိုရရှိနိုင်သည်။ သဘာဝ​မြေသြဇာထဲတွင် အပင်​ဆွေးများ၊အရွက်​ဆွေးများကို အမှုန့်ကြိတ်ပြီး​ ​ပေါင်းစပ်ထုတ်လုပ်ထားပါသည်။ နိုက်တြိုဂျင်သည် အပင်အမြစ်ပွားများခြင်း၊ အာဟာရစုပ်ယူမှုအား​​ကောင်းခြင်း၊ အပင်ကြီးထွားမြန်ခြင်း၊ အရွက်အ​ရောင်စိမ်းလန်းခြင်းတို့ကို အကျိုးပြုပါသည်။ သိမ်းငှက်​ခေါင်း သဘာဝ​မြေသြဇာတွင် နိုက်တြိုဂျင် ၁၀%ပါဝင်ပါသည်။ P​ဖော့စဖိတ်တွင် လူအရိုး၊ တိရစ္ဆာန်အရိုးများ၊ခရုခွံ၊ ပုဇွန်ခွံများ ကြက်​ချေး လင်းနို့​ချေးတို့ပါဝင်ပါသည်။ နှစ်​ပေါင်းများစွာအနည်ကျပြီး ​ဖော့စဖိတ်​ကျောက်ဖြစ်လာသည်။ အပင်များအတွက် အာဟာရဓါတ်ကို သယ်​ဆောင်မှု လုပ်​ဆောင်​ပေးပါသည်။ ​ဖော့စဖိတ်ဓါတ်မရှိပါက အပင်များအာဟာရဓါတ်မရရှိနိုင်ပါ။ ​ဖော့စဖိတ်သည် အပင်များအတွက် အများကြီးမလိုပါ။ သိမ်းငှက်​ခေါင်းသဘာဝ​မြေသြဇာတွင် ​ဖော့စဖိတ် ၅%ပါဝင်သည်။ K ပိုတက်ဆီယမ်သည် အချိုဓါတ်ဖြစ်ပါသည်။ မီးရှို့ထား​သောအပင်၏ပြာများ၊ အရွက်ပြာ၊ ကြံ​မှုန့်​ချေးများ၊ ​ကောက်ရိုးပြာများ၊ စပါးခွံပြာများနှင့် ပင်လယ်​ရေကရ​သော ဓါတ်ဆားတစ်မျိုးသည်လည်း ပိုတက်ဆီယမ်ဓါတ်များ ဖြစ်ပါသည်။ အပင်၏ ​အရွက် ရေရှူ​ပေါက် အဖွင့်/အပိတ် ကို ထိန်းချုပ်​ပေးပါသည်။ ​စပါး ပြောင်းဖူး၊ဥမျိုးစုံ၊ ကြက်သွန်ဖြူ၊ကြက်သွန်နီတို့အတွက် ပိုတက်ဆီယမ်လ်ုအပ်ပါသည်။ သရက်သီး၊လိ​မ္မော်သီး စည့်အချဥ်ဓါတ်များ​သော အသီးများကို ချို​အောင်လုပ်​ဆောင်​ပေးပါသည်။ သိမ်းငှက်​ခေါင်းသဘာဝ​မြေသြဇာတွင် ပိုတက်ဆီယမ် ၅%ပါဝင်ပါသည်။ ဒုတိယအ​ရေးကြီး​သော ဓါတ်များမှာ Ca,Mg,S တို့ဖြစ်ပါသည်။ Ca ကယ်ဆီယမ်ဓါတ်သည် အပင်ကိုကြီးထွား​စေသည့်အရွက်များဝါ​နေမှုကို ကုစားပါသည်။ အညွန့်အခက်သစ်များဖြစ်​ပေါ်​စေသည်။ အမြစ်ထိပ်များတွင် ကယ်ဆီယမ်ဓါတ် အဓိကလိုအပ်ပါသည်။ ဆဲလ်နံရံများကို ထူထဲ​တောင့်တင်းခိုင်မာ​စေသည်။ ​ရောဂါပိုးမွှားများ ကျ​ရောက်မှုဒဏ်ကို အတန်အသင့်ခံနိုင်ရည်ရှိပါသည်။ ရိုးတံအညှာခိုင်မာ၍ အပွင့်​ကြွေ၊ အသီး​ကြွေခြင်းများကို ကာကွယ်​ပေးပါသည်။ အသီးအပွင့်များ တာရှည်ခံပါသည်။ သိမ်းငှက်​ခေါင်းသဘာဝ​မြေသြဇာတွင် ကယ်ဆီယမ်ဓါတ် ၃၀%ပါဝင်သည်။ Mg မဂ္ဂနီဆီယမ်သည် အရွက်၏အစိမ်း​ရောင်ဖြစ်​ပေါ်မှုကို အား​ပေးသည်။ အစာချက်လုပ်ပြီး အပင်၏​နေရာအနှံ့​ရောက်​အောင် သယ်​ဆောင်​ပေးပါသည်။ MgCO3 မဂ္ဂနီဆီယမ်ကာဗွန်နိတ်သည် အ​ရေးပါလှသည်။ ဓါတ်​မြေသြဇာများအသုံးများလာမှု​ကြောင့် စိုက်ပျိုး​မြေများ မာခဲပြီး အက်စစ်ဓါတ်၊အချဥ်ဓါတ်များဖြစ်လာ​သောအခါ​မြေ၏ PH ပုံမှန်ဖြစ်​အောင် ​မြေဆီလွှာကို ပြုပြင်ကုသ​ပေးပါသည်။ သိမ်းငှက်​ခေါင်းသဘာဝ​မြေသြဇာတွင် မဂ္ဂနီဆီယမ်ကာဗွန်နိတ် ၅%ပါဝင်သည်။ S ဆာလဖာကန့်ဓါတ်သည် အပင်များကို ပရိုတင်းဓါတ်ဖြည့်​ပေးပါသည်။ အသီးအနှံများ၏ အနံ့အရသာကို​ကောင်းမွန်​စေသည်။ ​မြေ​အောင်းပိုးမွှားများကို ​သေ​စေသည်။ တစ်ချို့ပိုးမွှားများသည် အနံ့မခံနိုင်၍ ထွက်​ပြေးကြပါသည်။ သိမ်းငှက်​ခေါင်းသဘာဝ​မြေသြဇာတွင် ဆာလဖာကန့်ဓါတ် ၃၀%ပါဝင်ပါသည်။ SiO2 ဆီလီကာ​အောက်ဆိုဒ်သည် စိုက်ပျိုးပင်များ အား​ကောင်း​စေပြီး သီးနှံအထွက်နှုန်းကိုလည်းတိုးတက်​စေပါသည် ပိုးမွှားများ၏ဖျက်ဆီးမှုအန္တရာယ်ဒဏ်ကိုလည်း ခံနိုင်ရည်စွမ်းရှိ​ပါသည် ဆိုးဝါ​သောရာသီဥတုဒဏ်ကိုကြံ့ကြံ့ခိုင် ထိန်းသိမ်း​ပေးပါသည်” စိုက်ပျိုး​မြေဆီကိုထာဝရအား​ကောင်း​စေရန် ထိန်းသိမ်း​ပေးပါသည် ပျက်စီးသွား​သောစိုက်ပျိုး​မြေကိုပြန်လည်​ကောင်း​အောင်ပြုပြင်​ပေးပါသည် သဘာဝပတ်ဝန်းကျင်ရှိ ​မြေဆီလွှာနှင့်​ရေဆိုး​ရေညစ်များကို သန့်ရှင်း​ကောင်းမွန်​အောင် လုပ်​ပေးပါသည် ကျန်​သောဓါတ် (၁၀)မျိုးမှာ အနည်းငယ်သာလိုပါသည်။ ​မြေကြီး​အောက်တွင် ရှိပြီးဖြစ်ပါသည်။ အသုံးပြုနည်း မျိုး​စေ့ပျိုးချိန် ပထမအကြိမ်ထည့်သုံး​ပေးပါ။တစ်ဧကမှာ၅၀ကိလိုတစ်အိတ်ကိုသုံးပါ စိုက်ပျိုးပြီး ရက် (၃၀) အကြာတွင် ဒုတိယအကြိမ်တစ်အိတ်ထပ်မံထည့်​ကျွေး​ပေးပါ။ အနည်းဆုံး (၃)ကြိမ်ခန့် ထည့်​ကျွေးအသုံးပြုပါ။ စိုက်ပျိုး​မြေတစ်ဧကတွင် ကီလိုဂရမ် (၁၅၀ မှ၂၀၀) (၃)အိတ်မှ (၄)အိတ်အထိ အသုံးပြုနိုင်ပါသည်။ ထို့​ကြောင့် သိမ်းငှက်​ခေါင်းသဘာဝ​မြေသြဇာ၏ပါဝင်မှုနှုန်းများ N 10%, P 5%, K 5% ပါဝင်ပြီး အခြား​မြေသြဇာထက် အားသာချက်က Ca 30%, Mg 5%, S 30%, SiO2 =15% ပါဝင်​ပေါင်းစပ်ထုတ်လုပ်ထားပါတယ် ​ မြေပြု​ဆေးမှုန့် 50kg တစ်အိတ် 20000 ကျပ်​အော်ဂဲနစ်​မြေသြဇာ 50kgတစ်အိတ်35000ကျပ် သိမ်းငှက်​ခေါင်းသဘာဝ​မြေသြဇာ စိတ်ဝင်စားသူများနှင့် အား​ပေးချင်သူများ ဆက်သွယ်ရန် ဆရာစိုင်း 09 409011818 အထူး​လျှော့​စျေးနဲ့​ရောင်းချ​ပေး​နေပါတယ် အ​ရောင်းကိုယ်စားလှယ်အတွက် စိတ်ဝင်စားရင်ဆက်သွယ်ပါ

Screenshot-2023-08-21-095751
real-estate-business-compressor
fertiliizer-vector-icon-1024x1024
Screenshot-2023-08-21-095931-180x180

Sell/Rent Listing

SHAN NORTH, TAUNGYI

Area – 40*60 feet
Type – house for rent

OVER 40 TEMPLATES

Area – 40*40
Type- Land for sell

SHAN NORTH, TAUNGYI

Area – 80*120 Feet
Type – land for sell

Best Quality
Organic Fertilizers

Bank Information